ယေရမိအနာဂတ္တိကျမ်း 41:9
မိမိသတ်ဖြတ်လိုက်သူတို့၏အလောင်းများ ကိုဣရှမေလပစ်ချသည့်ရေတွင်းကား အလွန်ကြီး၍ ဣသရေလဘုရင်ဗာရှာ၏ဘေး မှခုခံကာကွယ်ရန် အာသမင်းတူးထားသည့် ရေတွင်းဖြစ်သတည်း။ ဣရှမေလသည်မိမိ သတ်ဖြတ်လိုက်သည့်လူသေအလောင်းများ ဖြင့်ထိုတွင်းကိုပြည့်စေ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 41
Cross References
Joshua 10:16အာမောရိမင်းငါးပါးတို့သည်ကားလွတ် မြောက်၍ မက္ကဒါလိုဏ်ဂူထဲတွင်ပုန်းအောင်း လျက်ရှိကြ၏။-
1 Samuel 13:6ထိုနောက်ဣသရေလအမျိုးသားတို့အား ပြင်းထန်စွာတိုက်ခိုက်၍ဖရိုဖရဲဖြစ်စေ လေသည်။ ဣသရေလအမျိုးသားအချို့ တို့သည်ဥမင်၊ ကျောက်ကြား၊ ရေတွင်း၊ မြေ တွင်းစသည်တို့၌ပုန်းအောင်းနေကြ၏။-
1 Samuel 14:22ဧဖရိမ်တောင်ကုန်းများတွင်ပုန်းအောင်းနေ ကြသောသူတို့သည် ဖိလိတ္တိအမျိုးသားတို့ ထွက်ပြေးကြကြောင်းကိုကြားလျှင်လိုက် လံတိုက်ခိုက်ကြ၏။-
2 Samuel 17:9ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။-
1 Kings 15:22ထိုအခါအာသမင်းသည် ယုဒပြည်တစ်လျှောက် လုံးသို့အမိန့်ထုတ်ပြန်တော်မူပြီးလျှင် ပြည်သူ အပေါင်းတို့အားတစ်ယောက်မကျန်ရာမမြို့ တံတိုင်းတည်ဆောက်ရန်အတွက် ဗာရှာမင်းအသုံး ပြုလျက်နေခဲ့သည့်ကျောက်တုံးများနှင့်သစ် သားများကိုဝိုင်းဝန်းသယ်ဆောင်စေတော်မူ၏။ ထိုပစ္စည်းများဖြင့်အာသသည် မိဇပါမြို့နှင့် ဗင်္ယာမိန်နယ်တွင်ရှိသောဂေဘမြို့ကိုတံတိုင်း ကာရံတော်မူ၏။
Hebrews 11:38ကမ္ဘာလောကသည်ထိုသူတို့နှင့်မထိုက်မတန် ပါတကား။ သူတို့သည်လိုဏ်ဂူများနှင့်မြေ တွင်းများတွင်နေထိုင်ကြလျက်တောကန္တာရ များနှင့်တောင်ပေါ်ဒေသများသို့လှည့်လည် သွားလာရကြ၏။