The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 42 › ယေရမိအနာဂတ္တိကျမ်း 42:18

ယေရမိအနာဂတ္တိကျမ်း 42:18

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။

Common Language Bible

In The King James Version

For thus saith the LORD of hosts, the God of Israel; As mine anger and my fury hath been poured forth upon the inhabitants of Jerusalem; so shall my fury be poured forth upon you, when ye shall enter into Egypt: and ye shall be an execration, and an astonishment, and a curse, and a reproach; and ye shall see this place no more.

In Context

17အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​သူ​မှန်​သ​မျှ​သည်​စစ်​ဘေး၊ သို့​မ ဟုတ်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ​အ​သက်​မ​သေ ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​တစ်​ဦး တစ်​ယောက်​မျှ​ငါ​သက်​ရောက်​စေ​မည့်​ဘေး အန္တ​ရာယ်​ဆိုး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။

19ထို​နောက်​ငါ​သည်​ဆက်​လက်​၍``ယု​ဒ​ပြည်​တွင် ကျန်​ရှိ​နေ​သူ​သင်​တို့​အား အီ​ဂျစ်​ပြည်​သို့ မ​သွား​ကြ​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​လေ​ပြီ။-

Read all of ယေရမိအနာဂတ္တိကျမ်း 42

Cross References

1 Kings 9:7ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။-

2 Chronicles 34:25သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား​ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​ကြ​၏။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​လျက်​နေ​ပြီ​ဖြစ်​၍ ထို​အ​မျက် ကို​ငြိမ်း​သတ်​ရ​မည်​မ​ဟုတ်။-

Isaiah 65:15ငါ​၏​ရွေး​ချယ်​တော်​ခံ​လူ​မျိုး​တော်​သည် သင်​တို့​နာ​မည်​ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး ပြု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း​သင်​တို့​အား​ကွပ်​မျက်​တော် မူ​မည်။ သို့​ရာ​တွင်​ငါ​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ငါ​သည်​နာ​မည်​သစ်​ကို​ပေး တော်​မူ​မည်။-

Jeremiah 7:20သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။

Jeremiah 22:10ယု​ဒ​ပြည်​သူ​တို့၊ယော​ရှိ​မင်း​အ​တွက်​သင်​တို့ မ​ငို​ကြွေး​ကြ​နှင့်။ သူ​ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​မှု မ​ပြု​ကြ​နှင့်။ သို့​ရာ​တွင်​သူ​၏​သား​တော်​ယော​ခတ်​အ​တွက် ပြင်း​ပြ​စွာ​ငို​ကြွေး​ကြ​လော့။ ရန်​သူ​တို့​သည်​သူ့​အား​အ​ပြီး​အ​ပိုင် ခေါ်​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​သည်​မိ​မိ​မွေး​ဖွား​ရာ​အ​ရပ်​ကို နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လည်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်။

Jeremiah 22:27မိ​မိ​တို့​မျှော်​မှန်း​တမ်း​တ​သည့်​ပြည်​သို့ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လာ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 42:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 42:17ယေရမိအနာဂတ္တိကျမ်း 42ယေရမိအနာဂတ္တိကျမ်း 42:19 →