ယေရမိအနာဂတ္တိကျမ်း 42:6
အရှင့်အားဘုရားသခင်ထာဝရဘုရား ထံဆုတောင်းပတ္ထနာပြုရန်ပန်ကြားခဲ့ကြ၏။ အကျွန်ုပ်တို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေအမိန့်တော်များကိုအကျွန်ုပ် တို့လိုက်နာကြပါမည်။ ကိုယ်တော်ရှင်၏ စကားကိုနားထောင်ပါမူအကျွန်ုပ်တို့ အဖို့အစစအရာရာအဆင်ပြေပါ လိမ့်မည်'' ဟုပြောကြားကြ၏။
Common Language Bible
In The King James Version
In Context
7ဆယ်ရက်မျှကြာသောအခါထာဝရ ဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
Read all of ယေရမိအနာဂတ္တိကျမ်း 42
Cross References
Exodus 24:7ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
Deuteronomy 5:33သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
Joshua 24:24ထိုအခါလူတို့ကယောရှုအား``အကျွန်ုပ်တို့ သည်အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ စကားတော်ကိုနားထောင်ပါမည်'' ဟုကတိ ပေးကြ၏။
Psalms 81:13ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။ ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
Isaiah 3:10သူတော်ကောင်းတို့သည်မင်္ဂလာရှိလိမ့်မည်။ သူ တို့အတွက်အစစအရာရာအဆင်ပြေလိမ့် မည်။ သူတို့သည်မိမိတို့၏အကျင့်အကြံ အပြုအမူများ၏ကောင်းကျိုးကိုခံစားရ ကြလိမ့်မည်။-
Romans 7:7သို့ဖြစ်လျှင်ငါတို့မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည်ဆိုးယုတ်သည့်အရာဖြစ် သည်ဟုဆိုရမည်လော။ သို့ရာတွင်အပြစ်ဟူ သည်မှာအဘယ်အရာဖြစ်သည်ကို ငါ့အား ပညတ်တရားကသိရှိစေ၏။ အကယ်၍ ပညတ်တော်က ``လောဘလွန်ကူးခြင်းမရှိ နှင့်'' ဟုမဆိုလျှင်လောဘလွန်ကူးခြင်း ဟူသည်မှာအဘယ်အရာဖြစ်ကြောင်းကို ငါသိရှိလိမ့်မည်မဟုတ်။-