ယေရမိအနာဂတ္တိကျမ်း 44:16
``ထာဝရဘုရား၏နာမတော်ကိုအမှီပြု ၍သင်ဟောပြောသည့်စကားများကိုငါတို့ နားမထောင်လိုပါ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 44
Cross References
Exodus 5:2ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
Job 15:25အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
Psalms 2:3သူတို့က``ငါတို့သည်သူတို့စိုးမိုးမှုမှ လွတ်မြောက်အောင်ဆောင်ရွက်ကြကုန်အံ့။ သူတို့၏အချုပ်အနှောင်ကိုပယ်ရှားကြ ကုန်အံ့'' ဟုဆိုကြ၏။
Isaiah 3:9သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
Jeremiah 8:6ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
Jeremiah 11:8သို့ရာတွင်သူတို့သည်ငါ့စကားကိုနားမ ထောင်ကြ။ လိုက်နာမှုလည်းမပြုကြ။ သူတို့ အားလုံးပင်ခေါင်းမာမြဲခေါင်းမာလျက်ဆိုး ညစ်မြဲဆိုးညစ်လျက်နေကြ၏။ ငါသည်သူ တို့အားလိုက်နာရန်အမိန့်ချမှတ်ထားလျက် နှင့်သူတို့မလိုက်နာကြသော ပဋိညာဉ်တော် တွင်ဖော်ပြပါရှိသည့်ကျိန်စာများကိုသူ တို့အပေါ်သို့သက်ရောက်စေ၏'' ဟုမိန့်တော် မူ၏။