ယေရမိအနာဂတ္တိကျမ်း 44:23
သင်တို့သည်အခြားဘုရားများကိုယဇ် ပူဇော်ကာအမိန့်တော်များကိုမနာခံ သောကြောင့် ထာဝရဘုရားအားပြစ်မှား ကြသည်ဖြစ်၍ ယခုအခါဤကဲ့သို့ ပင်ကပ်သင့်ခဲ့ရကြပေသည်''ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 44
Cross References
2 Kings 17:15သူတို့သည်ကိုယ်တော်၏သြဝါဒတော်တို့ကို မနာခံကြ။ ဘိုးဘေးတို့နှင့်ကိုယ်တော်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်၏သတိပေးချက်များကိုလည်း ဂရုမစိုက်ကြ။ သူတို့သည်အသုံးမကျ သည့်အရာများကိုကိုးကွယ်သဖြင့် အသုံး မကျသူများဖြစ်လာကြ၏။ ထို့ပြင်ပတ် ဝန်းကျင်ရှိလူမျိုးတို့၏အတုကိုမယူ ကြရန် ထာဝရဘုရားမိန့်တော်မူသည်ကို မလိုက်နာဘဲ ထိုသူတို့၏ဋ္ဌလေ့ထုံးစံ များကိုလိုက်လျှောက်ကျင့်သုံးကြလေ သည်။-
Nehemiah 13:18သင်တို့၏ဘိုးဘေးများသည်ဒုစရိုက်ကို ပြုသဖြင့် ဘုရားသခင်သည်ဤမြို့ကို ဖျက်ဆီးစေခြင်းအားဖြင့်သူတို့အားဒဏ် ခတ်တော်မူ၏။ သို့ပါလျက်သင်တို့သည် ဥပုသ်နေ့ကိုညစ်ညမ်းစေသောအားဖြင့် ဣသရေလအမျိုးသားတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော်ကို ပိုမို ပြင်းထန်စွာသက်ရောက်စေကြမည်လော'' ဟုပြစ်တင်ပြောဆို၏။
Psalms 119:150ကွန်တော်မျိုးအားရက်စက်စွာ ညဉ်းပန်းနှိပ်စက်သူမားသည်အနီးသို့ ခဉ်းကပ်၍လာနေကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်၏တရားတော်ကို မလိုက်မလှောက်ကြသူမားဖြစ်ပါ၏။
Jeremiah 7:13သင်တို့သည်အထက်ကငါဖော်ပြခဲ့သည့် အပြစ်အပေါင်းကိုကူးလွန်ကြလေပြီ။ အကြိမ်ကြိမ်အဖန်ဖန်ငါပြောသော်လည်း သင်တို့နားမထောင်ကြ။ သင်တို့အားငါ ခေါ်သောအခါ၌မထူးကြ။-
Jeremiah 40:3ယခုပြုတော်မူလေပြီ။ ဤသို့ဖြစ်ပျက်ရ ခြင်းမှာသင်၏အမျိုးသားတို့သည်ထာဝရ ဘုရားအားပြစ်မှားကာ ကိုယ်တော်၏စကား ကိုနားမထောင်ကြသောကြောင့်ဖြစ်၏။-
Jeremiah 44:18သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။