The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 46 › ယေရမိအနာဂတ္တိကျမ်း 46:10

ယေရမိအနာဂတ္တိကျမ်း 46:10

ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌ မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။

Common Language Bible

In The King James Version

For this is the day of the Lord GOD of hosts, a day of vengeance, that he may avenge him of his adversaries: and the sword shall devour, and it shall be satiate and made drunk with their blood: for the Lord GOD of hosts hath a sacrifice in the north country by the river Euphrates.

In Context

9မြင်း​များ​တို့​တက်​ကြ​လော့။ ရ​ထား​များ​တို့၊အ​ပြင်း​နှင်​ကြ​လော့။ ဒိုင်း​လွှား​ကိုင်​ဆောင်​သူ​ဆူ​ဒန်​ပြည်​သား​နှင့် လစ်​ဗျား​ပြည်​သား​တို့​လု​ဒ​ပြည်​သား​လေး သည်​တော် အ​စ​ရှိ​သည့် စစ်​သည်​တော်​တို့​ထွက်​သွား​ကြ​လော့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

11အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့၊ ဂိ​လဒ်​ပြည်​သို့​သွား​၍ ဆေး​ဝါး​များ​ကို​ရှာ​ကြ​လော့။ သင်​တို့​၏​ဆေး​များ​သည်​တန်​ခိုး​အာ​နိ​သင် မ​ရှိ။ သင်​တို့​၏​အ​နာ​ရော​ဂါ​ကို​မ​ပျောက်​ကင်း​စေ​နိုင်။

Read all of ယေရမိအနာဂတ္တိကျမ်း 46

Cross References

2 Kings 24:7အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​သည်​နောင် အ​ဘယ်​အ​ခါ​၌ အီ​ဂျစ်​ပြည်​မှ​မ​ထွက်​ခွာ​ရ ကြ​တော့​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဥ​ဖ​ရတ် မြစ်​မှ​အီ​ဂျစ်​ပြည်​မြောက်​ဘက်​နယ်​စပ်​တိုင် အောင် အီ​ဂျစ်​ပိုင်​နယ်​မြေ​ရှိ​သ​မျှ​ကို​ဗာ​ဗု​လုန် ဘု​ရင်​က​ထိန်း​သိမ်း​အုပ်​ချုပ်​လျက်​နေ​သော ကြောင့်​ဖြစ်​၏။

Isaiah 13:6အ​နန္တ​တန်​ခိုး​ရှင်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ တည်း​ဟူ​သော ထာ​ဝရ​ဘု​ရား​တ​ရား​စီ​ရင် တော်​မူ​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ ရ​ဦး​မည်။ ဝေ​ဒ​နာ​ခံ​စား​လျက်​ငို​ကြွေး မြည်​တမ်း​ကြ​လော့။-

Isaiah 34:6ကိုယ်​တော်​၏​ဋ္ဌား​တော်​သည်​ယဇ်​ပူ​ဇော်​ရာ သိုး​ဆိတ်​တို့​၏​အ​သွေး​အ​ဆီ​ဖြင့်​ဝ​လျက် နေ​သ​ကဲ့​သို့ ထို​သူ​တို့​၏​အ​သွေး​အ​ဆီ​များ နှင့်​ဝ​လျက်​နေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​ဤ​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဗော​ဇ​ရ​မြို့​တွင် ကျင်း​ပ​တော်​မူ​လိမ့်​မည်။ ဤ​လူ​သတ်​ပွဲ ကြီး​ကို​ဧ​ဒုံ​ပြည်​တွင်​ဖြစ်​ပွား​စေ​တော် မူ​လိမ့်​မည်။-

Isaiah 63:4ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​တင် ရန်​အ​ချိန်​ကျ​ပြီ။ သူ​တို့​၏​ရန်​သူ​များ​အား အ​ပြစ်​ဒဏ်​ခတ်​ရန်​အ​ချိန်​ရောက်​ပြီ​ဟု​ဆုံး ဖြတ်​လိုက်​၏။-

Jeremiah 46:6လျင်​မြန်​စွာ​ပြေး​သူ​တို့​သည်​မ​လွတ်​နိုင်။ စစ်​သူ​ရဲ​တို့​သည်​မ​လွတ်​မြောက်​နိုင်။ သူ​တို့​သည်​မြောက်​ဘက်​ဒေ​သ၊ဥ​ဖ​ရတ် မြစ် အ​နီး​တွင်​ခြေ​ချော်​၍​လဲ​ကြ​ကုန်​၏။

Jeremiah 51:6ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ပြေး​ကြ​လော့။ သင်​တို့ သည်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​လော့။ ဗာ​ဗု​လုန်​အ​ပြစ်​ကြောင့်​အ​သေ မ​ခံ​ကြ​နှင့်။ ယ​ခု​ငါ​သည်​ဗာ​ဗု​လုန်​မြို့ အာ​ခံ​သည့်​အ​ပြစ်​ဒဏ်​အ​တွက်​လက်​စား ချေ​လျက်​ရှိ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 46:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 46:9ယေရမိအနာဂတ္တိကျမ်း 46ယေရမိအနာဂတ္တိကျမ်း 46:11 →