ယေရမိအနာဂတ္တိကျမ်း 46:22
ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 46
Cross References
Isaiah 10:33အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
Isaiah 29:4ယေရုရှလင်မြို့သည်မြေသင်္ချိုင်းတွင်း၌ စကားပြောရန် ရုန်းကန်အားထုတ်လျက်နေ သည့်တစ္ဆေနှင့်တူလိမ့်မည်။ ထိုမြို့၏အသံ သည်လည်းဖုတ်တောထဲမှ မပီမသထွက် ပေါ်လာသောတိုးညှင်းသောအသံဖြစ် လိမ့်မည်။
Jeremiah 51:20ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊ သင်သည်ငါ၏သံတူ၊စစ်တိုက်ရာတွင် ငါအသုံးပြုသည့်လက်နက်ဖြစ်၏။ ငါသည်သင့်ကိုအသုံးပြု၍လူမျိုးတကာကို ချေမှုန်းခဲ့၏။ တိုင်းနိုင်ငံတို့ကိုပြိုကွဲစေခဲ့၏။
Micah 7:16နိုင်ငံတကာတို့သည်အင်အားကြီးသော် လည်း ထိုအမှုအရာများကိုမြင်၍ကြောက် ရွံ့ထိတ်လန့်ကြသဖြင့် မိမိတို့၏ပါးစပ် နှင့်နားများကိုပိတ်ထားကြလိမ့်မည်။-