ယေရမိအနာဂတ္တိကျမ်း 47:6
ထာဝရဘုရား၏ဋ္ဌားတော်၊ သင်သည်အဘယ်မျှကြာကြာခုတ်ထစ် နေပါဦးမည်နည်း။ မိမိဋ္ဌားအိမ်သို့ပြန်၍ဝင်ပြီးလျှင် ငြိမ်သက်စွာ နေပါလော့'' ဟုသင်တို့ဆိုကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 47
Cross References
Deuteronomy 32:41ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
1 Chronicles 21:27ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။-
Isaiah 10:5ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
Jeremiah 4:21ငါသည်တိုက်ပွဲဆင်နွှဲနေသည်ကိုအဘယ်မျှ ကြာကြာ တွေ့မြင်နေရပါမည်နည်း။ တံပိုးခရာမှုတ်သံကိုအဘယ်မျှကြာကြာ ကြား၍ နေရပါမည်နည်း။
Jeremiah 12:12လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
Jeremiah 25:27ထိုနောက်ထာဝရဘုရားက ငါ့အား``ဣသရေလ အမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ထိုသူတို့အားမူး ယစ်အော့အန်သည့်တိုင်အောင်၊ သူတို့ထံသို့ငါ စေလွှတ်သည့်စစ်မက်အန္တရာယ်ကြောင့်ပြိုလဲ၍ မထနိုင်သည့်တိုင်အောင်အမျက်တော်ရည် ကိုသောက်ကြရန်မိန့်တော်မူကြောင်းဆင့် ဆိုလော့။-