ယေရမိအနာဂတ္တိကျမ်း 48:15
မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။ ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Psalms 24:8ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ ထိုအရှင်ကားတန်ခိုးစွမ်းရည်ရှိတော်မူသော ထာဝရဘုရား၊ စစ်ပွဲတွင်အောင်မြင်တော်မူသော ထာဝရဘုရားပေတည်း။
Isaiah 34:2ထာဝရဘုရားသည်လူမျိုးတကာတို့အား လည်းကောင်း၊ သူတို့၏စစ်တပ်အပေါင်းအား လည်းကောင်း၊ အမျက်ထွက်တော်မူသဖြင့် ပျက်စီးစေရန်အပြစ်ဒဏ်စီရင်တော်မူ လေပြီ။-
Jeremiah 46:18အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။ တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊ သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
Jeremiah 48:8အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
Jeremiah 50:34သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 51:57ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။