ယေရမိအနာဂတ္တိကျမ်း 48:29
မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Job 40:10ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
Proverbs 8:13ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
Proverbs 30:13အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊
Isaiah 16:6ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။
Zephaniah 2:8အနန္တတန်ခိုးရှင်ထာဝရဘုရား က ``မောဘပြည်သားများနှင့်အမ္မုန်ပြည် သားများသည်ငါ၏လူမျိုးတော်ကိုစော် ကားရန်စကြသည်ကိုလည်းကောင်း၊ သူ တို့၏ပြည်ကိုဝင်ရောက်သိမ်းယူရန်ကြွား ဝါလျက်နေသည်ကိုလည်းကောင်းငါ ကြားသိတော်မူလေပြီ။-
James 4:6သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။