The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 48 › ယေရမိအနာဂတ္တိကျမ်း 48:6

ယေရမိအနာဂတ္တိကျမ်း 48:6

သူ​တို့​က`သင်​တို့​အ​သက်​ချမ်း​သာ​ရ​အောင် လျင်​မြန်​စွာ​ပြေး​ကြ​လော့။ သဲ​ကန္တာ​ရ​မှ​မြည်း​ရိုင်း​ကဲ့​သို့​ပြေး​ကြ​လော့' ဟု​ဆို​ကြ​၏။

Common Language Bible

In The King James Version

Flee, save your lives, and be like the heath in the wilderness.

In Context

5လု​ဟိတ်​တောင်​ပေါ်​သို့​တက်​ရာ​လမ်း​တွင်​သူ​တို့ ရှိုက်​ကြီး​ငင်​ကြီး​ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ဟော​ရ​နိမ်​မြို့​သို့​ဆင်း​ရာ​လမ်း​တွင်၊စိတ်​ဒုက္ခ ရောက်​၍ အော်​ဟစ်​သံ​များ​ကို​လည်း​ကောင်း​ကြား​ကြ​လော့။

7``အို မော​ဘ​ပြည်၊သင်​သည်​မိ​မိ​၏​အင်​အား​နှင့် စည်း​စိမ်​ချမ်း​သာ​ကို​အား​ကိုး​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​လိမ့်​မည်။ သင်​၏​ဘု​ရား​ခေ​မု​ရှ​သည်​လည်း​သူ​၏​မင်း သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ် သင့်​ရ​ပေ​တော့​အံ့။

Read all of ယေရမိအနာဂတ္တိကျမ်း 48

Cross References

Genesis 19:17ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က``အ​သက်​ဘေး​မှ​လွတ်​အောင်​ပြေး​ကြ​လော့။ နောက်​သို့​လှည့်​မ​ကြည့်​နှင့်။ ချိုင့်​ဝှမ်း​ထဲ​၌​မ​ရပ်​နား​နေ​နှင့်။ အ​သက်​ချမ်း​သာ​ရာ​ရ​ရန်​တောင်​ပေါ်​သို့​ပြေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။

Psalms 11:1ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

Jeremiah 17:6ထို​သူ​သည်​အ​ခြား​အ​ဘယ်​အ​ပင်​မျှ​မ​ပေါက် သည့် တော​ကန္တာ​ရ​မြေ​ရိုင်း​တွင်​ပေါက်​သည့်​ခြုံ​ပုတ် နှင့်​တူ​၏။ သူ​သည်​အ​ဘယ်​ကောင်း​ကျိုး​ကို​မျှ​မ​ခံ​စား​ရ။''

Matthew 24:16ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။-

Luke 17:31``ထို​နေ့​ရက်​၌​အိမ်​မိုး​ပေါ်​တွင်​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှာ​ရှိ​သည့်​ဥစ္စာ​ပစ္စည်း​ကို​ယူ​ရန် မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ​လယ်​ကွင်း​သို့​ရောက် နေ​သူ​သည်​လည်း​အိမ်​ကို​မ​ပြန်​စေ​နှင့်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 48:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 48:5ယေရမိအနာဂတ္တိကျမ်း 48ယေရမိအနာဂတ္တိကျမ်း 48:7 →