ယေရမိအနာဂတ္တိကျမ်း 49:15
ထာဝရဘုရားသည်သင်တို့နိုင်ငံကိုအား အင်ချည့်နဲ့စေတော်မူမည်ဖြစ်၍ အဘယ်သူ မျှသင်တို့ကိုလေးစားကြလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
For, lo, I will make thee small among the heathen, and despised among men.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
1 Samuel 2:7ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
Psalms 53:5သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
Micah 7:10ထိုအခါ``သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအဘယ်မှာရှိသနည်း'' ဟူ၍ပြောင် လှောင်ကာမေးမြန်းကြသောငါတို့၏ရန်သူ များသည် ဤအမှုကိုမြင်၍အရှက်ကွဲ ကြလိမ့်မည်။ သူတို့သည်အရေးရှုံးနိမ့် သဖြင့်လမ်းပေါ်မှရွှံ့သဖွယ်နင်းချေ ခြင်းခံရကြသည်ကိုငါတို့မြင်ရလိမ့် မည်။