The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 49 › ယေရမိအနာဂတ္တိကျမ်း 49:17

ယေရမိအနာဂတ္တိကျမ်း 49:17

``ဧ​ဒုံ​ပြည်​သည်​များ​စွာ​ယို​ယွင်း​ပျက်​စီး သွား​မည်​ဖြစ်​သ​ဖြင့် အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​တို့​သည်​ထို​ပြည်​ဖြစ်​ပျက်​ရ​ပုံ​အ​ခြင်း အ​ရာ​ကို​မြင်​သော​အ​ခါ​လန့်​ဖျပ်​တုန်​လှုပ် ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

Also Edom shall be a desolation: every one that goeth by it shall be astonished, and shall hiss at all the plagues thereof.

In Context

16သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

18သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း ကျင်​ကျေး​ရွာ​များ​သည် သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​သည့်​နည်း​တူ​ဧ​ဒုံ​ပြည်​သည် လည်း​ခံ​ရ​လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ ပင်​လျှင်​ထို​ပြည်​တွင်​နေ​ထိုင်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏။-

Read all of ယေရမိအနာဂတ္တိကျမ်း 49

Cross References

2 Chronicles 7:20ငါ​ပေး​သ​နား​သည့်​ပြည်​မှ​သင်​တို့​ကို​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့် ငါ​သီး​သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို လည်း​စွန့်​ခွာ​မည်​ဖြစ်​၍ အ​ရပ်​တ​ကာ​ရှိ​လူ တို့​တွင်​အ​ထင်​အ​မြင်​သေး​ခြင်း​နှင့်​ပြောင် လှောင်​ခြင်း​ဖြစ်​စေ​မည်။

Jeremiah 18:16သူ​တို့​သည်​ဤ​ပြည်​အား​လူ​သူ​ကင်း​မဲ့​သော ပြည်၊ ထာ​ဝ​စဉ်​စက်​ဆုတ်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​စေ​ကြ​လေ​ပြီ။ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​လူ​အ​ပေါင်း တို့​သည် အံ့​သြ​တွေ​ဝေ​၍​သွား​ကြ​လျက် မိ​မိ​တို့​ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။

Jeremiah 50:13ငါ​၏​အ​မျက်​တော်​ကြောင့်​ဗာ​ဗု​လုန်​မြို့ တွင် အ​ဘယ်​သူ​မျှ​နေ​ထိုင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​လိမ့်​မည်။ အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​အ​ပေါင်း​တို့​သည်​ထို​မြို့​ကြုံ​တွေ့ ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မြင်​၍ လန့်​ဖျပ် တုန်​လှုပ်​ကာ​အံ့​သြ​၍​သွား​ကြ​လိမ့်​မည်။

Lamentations 2:15မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။ သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။ ``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။

Ezekiel 35:7ငါ​သည်​စိ​ရ​တောင်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​လျက် ယင်း​ကို​ဖြတ်​သန်း သွား​လာ​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပစ် မည်။-

Micah 6:16သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 49:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 49:16ယေရမိအနာဂတ္တိကျမ်း 49ယေရမိအနာဂတ္တိကျမ်း 49:18 →