The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 49 › ယေရမိအနာဂတ္တိကျမ်း 49:19

ယေရမိအနာဂတ္တိကျမ်း 49:19

ငါ​သည်​ယော်​ဒန်​မြစ်​တစ်​လျှောက်​ရှိ​ထူ​ထပ် သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း​သော​မြက်​ခင်း ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့​သို့​ထွက်​လာ ပြီး​လျှင် ဧ​ဒုံ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့ ပြည်​မှ​ထွက်​ပြေး​စေ​မည်။ ထို​နောက်​ငါ​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ရန်​မင်း​တစ်​ပါး​အား ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့်​အ​ဘယ်​သူ ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ်​သူ​သည် ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ် မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက်​အ​ခံ ပြု​နိုင်​မည်​နည်း။-

Common Language Bible

In The King James Version

Behold, he shall come up like a lion from the swelling of Jordan against the habitation of the strong: but I will suddenly make him run away from her: and who is a chosen man, that I may appoint over her? for who is like me? and who will appoint me the time? and who is that shepherd that will stand before me?

In Context

18သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း ကျင်​ကျေး​ရွာ​များ​သည် သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​သည့်​နည်း​တူ​ဧ​ဒုံ​ပြည်​သည် လည်း​ခံ​ရ​လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ ပင်​လျှင်​ထို​ပြည်​တွင်​နေ​ထိုင်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏။-

20သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-

Read all of ယေရမိအနာဂတ္တိကျမ်း 49

Cross References

Exodus 15:11အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။

1 Chronicles 12:15ထို​နှစ်​၏​ပ​ထ​မ​လ​၌​ယော်​ဒန်​မြစ်​ရေ​လျှံ သော​အ​ခါ သူ​တို့​သည်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် မြစ်​၏​အ​ရှေ့​နှင့်​အ​နောက်​ဘက်​ရှိ​ချိုင့် ဝှမ်း​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​ကို​ထွက်​ပြေး စေ​ကြ​၏။

Job 9:19တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။

Job 23:3ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။

Job 41:10သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။

Psalms 76:7သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အား​လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ရှေ့​တော်​တွင် ရပ်​တည်​နိုင်​ပါ​မည်​နည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 49:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 49:18ယေရမိအနာဂတ္တိကျမ်း 49ယေရမိအနာဂတ္တိကျမ်း 49:20 →