ယေရမိအနာဂတ္တိကျမ်း 49:23
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Genesis 15:2သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
Deuteronomy 20:8``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
Joshua 14:8အကျွန်ုပ်နှင့်အတူသွားရောက်ခဲ့သူတို့မှာ မူကား လူတို့ကြောက်ရွံ့ထိတ်လန့်စေရန်ပြန် ကြားအစီရင်ခံခဲ့ကြပါသည်။ သို့ရာတွင် အကျွန်ုပ်သည်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုတစ် သဝေမတိမ်းလိုက်လျှောက်သဖြင့်၊-
2 Samuel 17:10ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
2 Kings 17:24အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
2 Kings 19:13ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေန မြို့နှင့်ဣဝါမြို့တို့တွင်စိုးစံခဲ့သောဘုရင် များသည်အဘယ်မှာနည်း'' ဟုဖော်ပြပါ ရှိ၏။