ယေရမိအနာဂတ္တိကျမ်း 49:25
အခါတစ်ပါးကပျော်မွေ့ဖွယ်ရာကောင်း၍ ထင်ပေါ်ကျော်ကြားခဲ့သော ထိုမြို့တော်သည် လုံးလုံးလျားလျားလူသူကင်းမဲ့လျက်ရှိ တော့၏။-
Common Language Bible
In The King James Version
How is the city of praise not left, the city of my joy!
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Psalms 37:35ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။ သူသည်လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ လူအပေါင်းတို့အပေါ်တွင်လွှမ်းမိုးလျက်နေ၏။
Isaiah 14:4ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
Jeremiah 48:2မောဘပြည်၏ဘုန်းအသရေသည်ကွယ် ပျောက်၍ သွားလေပြီ။ ရန်သူတို့သည်ဟေရှဘုန်မြို့ကိုသိမ်းယူ၍ မောဘ နိုင်ငံကိုသုတ်သင်ဖျက်ဆီးရန်ကြံစည်လျက် ရှိ၏။ မာဒမေနမြို့သည်ဆိတ်ငြိမ်၍နေလိမ့်မည်။ စစ်သည်တပ်သားတို့သည်ထိုမြို့ကိုချီတက် တိုက်ခိုက်ကြလိမ့်မည်။
Jeremiah 51:41ထာဝရဘုရားသည်ဗာဗုလုန်မြို့အကြောင်း နှင့်ပတ်သက်၍မိန့်တော်မူသည်မှာ``ကမ္ဘာတစ် ဝှမ်းလုံးကချီးမွမ်းထောမနာပြုသည့်ဗာ ဗုလုန်မြို့သည်အသိမ်းခံရလေပြီ။ ဗာဗု လုန်မြို့သည်လူမျိုးတကာတို့အတွက် လန့်ဖျပ်တုန်လှုပ်စရာဖြစ်၍လာလေပြီ။-
Revelation 18:10သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။