ယေရမိအနာဂတ္တိကျမ်း 49:3
ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
1 Kings 11:5ဇိဒုန်ဘုရားမအာရှတရက်နှင့်စက်ဆုပ်ဖွယ် ကောင်းသည့် အမ္မုန်ဘုရားမိလကုံအားဝတ်ပြု ကိုးကွယ်၍၊-
2 Kings 23:13ယောရှိသည်ယေရုရှလင်မြို့၏အရှေ့၊ သံ လွင်တောင်၏တောင်ဘက်၌ဇိဒုန်ဘုရားအာရှ တရက်၊ မောဘဘုရားခေမုရှနှင့်အမ္မုန်ဘုရား မောလုတ်တို့ကိုကိုးကွယ်ရန် ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သောယဇ်ပလ္လင်များကိုလည်း ညစ်ညမ်းစေတော်မူ၏။-
Isaiah 13:6အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
Isaiah 15:2ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
Isaiah 23:1ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
Isaiah 32:11သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-