ယေရမိအနာဂတ္တိကျမ်း 49:32
``သူတို့၏ကုလားအုတ်မှစ၍တိရစ္ဆာန် အပေါင်းကိုယူကြလော့။ ငါသည်ဆံပင် ဖြတ်သူတို့ကိုအရပ်တကာသို့ကွဲလွင့်စေ၍ အရပ်ရပ်မှဘေးအန္တရာယ်ဆိုးနှင့်တွေ့ကြုံ စေမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Jeremiah 9:25ထာဝရဘုရားက``အီဂျစ်ပြည်သားများ၊ ယုဒ ပြည်သားများ၊ ဧဒုံပြည်သားများ၊ အမ္မုန်ပြည် သားများ၊ မောဘပြည်သားများနှင့်သဲကန္တာရ တွင်နေထိုင်ကာ ဆံပင်တိုထားသောလူမျိုး အားငါအပြစ်ဒဏ်ခတ်မည့်နေ့ရက်ကာလ ကျရောက်လာတော့မည်။ ထိုသူအပေါင်းတို့ သည်ပဋိညာဉ်သေတ္တာတော်၏သင်္ကေတဖြစ် သည့်အရေဖျားလှီးမင်္ဂလာကိုခံသော်လည်း ငါ၏ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ထို သူအပေါင်းနှင့်ဣသရေလပြည်သားတို့ သည်ငါ၏ပဋိညာဉ်ကိုမစောင့်ထိန်းကြ'' ဟုမိန့်တော်မူ၏။
Ezekiel 5:10ထို့ကြောင့်ယေရုရှလင်မြို့ရှိမိဘသည်သား သမီးတို့ကိုစားကြလိမ့်မည်။ သားသမီး တို့သည်လည်းမိဘတို့ကိုစားကြလိမ့်မည်။ သင်တို့အနက်အသက်မသေဘဲကျန်ရစ် သူတို့ကိုလည်း ငါသည်အပြစ်ဒဏ်ခတ် လျက်အရပ်တကာသို့ပျံ့လွင့်စေမည်။''
Ezekiel 12:14ငါသည်သူ၏မှူးမတ်များ၊ အကြံပေးအရာ ရှိများနှင့်ကိုယ်ရံတော်တပ်သားများအား အရပ်တကာသို့ပျံ့လွင့်သွားစေမည်။ လူ တို့သည်သူတို့ကိုဋ္ဌားဖြင့်သတ်ဖြတ်ရန် လိုက်လံရှာဖွေကြလိမ့်မည်။