ယေရမိအနာဂတ္တိကျမ်း 49:36
ကောင်းကင်အရပ်လေးမျက်နှာမှလာသော လေကိုဧလံပြည်သို့တိုက်ခတ်စေ၍ ပြည်သူ တို့အားအရပ်တကာသို့ကွဲလွင့်စေမည်။ ထို ဒုက္ခသည်များမရောက်ကြသည့်တိုင်းနိုင်ငံ တစ်ခုမျှရှိလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Deuteronomy 28:25``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
Psalms 147:2ထာဝရဘုရားသည်ယေရုရှလင်မြို့ကို ပြန်လည်ထူထောင်လျက်တိုင်းတစ်ပါးတွင် နေကြရသူ ဣသရေလအမျိုးသားတို့အားပြန်လည် ခေါ်ဆောင်လာတော်မူ၏။
Isaiah 16:3သူတို့ကယုဒပြည်သူတို့အား``ငါတို့ကို အကြံပေးကြပါ။ ငါတို့သည်စစ်ပြေးဒုက္ခ သည်များဖြစ်ပါ၏။ မွန်းတည့်ချိန်၌အေးမြ သောသစ်ပင်၏အရိပ်ကဲ့သို့ သင်တို့သည်ငါ တို့အားအကာအကွယ်ပေးကြပါ။ အဘယ် သူမျှရှာ၍မတွေ့စေရန်ငါတို့အားဝှက် ထားကြပါ။-
Isaiah 56:8မိမိ၏လူမျိုးတော်အားပြည်နှင်ဒဏ်သင့် ရာမှသူတို့၏ပြည်သို့ပြန်လည်ခေါ်ဆောင်လာ တော်မူသောထာဝရအရှင်ဘုရားသခင် သည် အခြားအမျိုးသားတို့ကိုလည်းထို လူစုနှင့်အတူစုပေါင်းနေထိုင်ရန်ခေါ် ဆောင်လာတော်မူလိမ့်မည်။
Jeremiah 49:32``သူတို့၏ကုလားအုတ်မှစ၍တိရစ္ဆာန် အပေါင်းကိုယူကြလော့။ ငါသည်ဆံပင် ဖြတ်သူတို့ကိုအရပ်တကာသို့ကွဲလွင့်စေ၍ အရပ်ရပ်မှဘေးအန္တရာယ်ဆိုးနှင့်တွေ့ကြုံ စေမည်။-
Ezekiel 5:12သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။