ယေရမိအနာဂတ္တိကျမ်း 49:7
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Genesis 25:30ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
Genesis 36:8သို့ဖြစ်၍ဧသောသည်ဧဒုံတောင်တန်းဒေသ သို့ပြောင်းရွှေ့နေထိုင်လေသည်။
Genesis 36:15ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊-
Numbers 20:14မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။-
Deuteronomy 23:7``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
Job 2:11ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။