ယေရမိအနာဂတ္တိကျမ်း 5:22
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 5
Cross References
Deuteronomy 28:58``သင်တို့သည်ဤကျမ်းတွင်ရေးထားသော ထာဝရဘုရား၏ပညတ်တော်အားလုံး ကို တစ်သဝေမတိမ်းမလိုက်နာလျှင်သော် လည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အံ့သြကြောက်မက်ဖွယ်ကောင်း သောနာမတော်ကို မရိုသေကြလျှင်သော် လည်းကောင်း၊-
Job 26:10အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
Job 38:10သင်သည်ဤအရပ်တိုင်အောင်လာရ၏။
Psalms 33:7ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
Psalms 99:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
Psalms 119:120ကိုယ်တော်ရှင်ကိုကြောက်ရွံ့သဖြင့်ကွန်တော် မျိုးသည် ကြက်သီးမွေးညင်းထပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူခက်တို့ကြောင့် ကွန်တော်မျိုးကြောက်ပါ၏။