The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 5 › ယေရမိအနာဂတ္တိကျမ်း 5:3

ယေရမိအနာဂတ္တိကျမ်း 5:3

ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။

Common Language Bible

In The King James Version

O LORD, are not thine eyes upon the truth? thou hast stricken them, but they have not grieved; thou hast consumed them, but they have refused to receive correction: they have made their faces harder than a rock; they have refused to return.

In Context

2သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း​ဟု​ဆို​ကြ​သော်​လည်း သင်​တို့​သည်​မ​ဟုတ်​မ​မှန်​ကျိန်​ဆို​ကြ​၏။

4ထို​နောက်​ငါ​က​ဤ​သူ​တို့​ကား​ဆင်း​ရဲ​သူ​များ​ဖြစ်​၏။ မ​သိ​နား​မ​လည်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သော်​လည်း​ကောင်း မ​သိ​ကြ​သ​ဖြင့်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။

Read all of ယေရမိအနာဂတ္တိကျမ်း 5

Cross References

Leviticus 26:23``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊-

2 Chronicles 16:9ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-

Psalms 11:4ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​ကောင်း​ကင်​ဘုံ တွင် ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၍ သူ​တို့​ပြု​သော​အ​မှု​အ​ရာ​များ​ကို​သိ​မြင် တော်​မူ​၏။

Psalms 51:8ရွှင်​လန်း​ဝမ်း​မြောက်​သံ​များ​ကို​ကျွန်​တော်​မျိုး​အား ကြား​ခွင့်​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စိတ်​ပျက်​အား​လျော့​စေ​တော်​မူ​သော်​လည်း ကျွန်​တော်​မျိုး​သည်​တစ်​ဖန်​ပြန်​၍​ရွှင်​ပျ​လာ ပါ​လိမ့်​မည်။

Proverbs 21:29မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။

Proverbs 23:35သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 5:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 5:2ယေရမိအနာဂတ္တိကျမ်း 5ယေရမိအနာဂတ္တိကျမ်း 5:4 →