ယေရမိအနာဂတ္တိကျမ်း 5:6
ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။ သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင် စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင် ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 5
Cross References
2 Chronicles 36:14ယုဒအမျိုးသားခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူတို့သည်လည်း မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတို့၏အကျင့် ကိုလိုက်၍ ရုပ်တုများကိုဝတ်ပြုကိုးကွယ် ကာထာဝရဘုရားကိုယ်တော်တိုင်သီးသန့် ထားတော်မူသောဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။-
Ezra 10:10ယဇ်ပုရောဟိတ်ဧဇရသည်ထ၍ ထိုသူတို့ အားမိန့်ခွန်းမြွက်ကြား၏။ ဧဇရက``သင်တို့ သည်သစ္စာမဲ့ကြလေပြီ။ လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ကာ ဣသ ရေလအမျိုးအားအပြစ်သင့်စေကြ လေပြီ။-
Psalms 104:20ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
Isaiah 59:12``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။-
Jeremiah 2:17အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
Jeremiah 2:31ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-