ယေရမိအနာဂတ္တိကျမ်း 50:16
ဗာဗုလုန်ပြည်တွင်ပျိုးကြဲခွင့်မပြုကြ နှင့်။ သူတို့ကိုလည်း အသီးအနှံများရိတ် သိမ်းခွင့်မပေးကြနှင့်။ ထိုအရပ်တွင်နေ ထိုင်လျက်ရှိသည့်လူမျိုးခြားမှန်သမျှ သည် ယခုစစ်ဆင်လျက်ရှိသည့်တပ်မတော် ကိုကြောက်သဖြင့် မိမိတို့ပြည်သို့ပြန် ကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Jeremiah 25:38ခြင်္သေ့သည်မိမိ၏ဂူကိုစွန့်ပစ်သကဲ့သို့ ထာဝရဘုရားသည်မိမိလူမျိုးတော်အား စွန့်ပစ်တော်မူလေပြီ။ ကြောက်မက်ဖွယ်ကောင်း သည့်စစ်မက်အန္တရာယ်နှင့်ထာဝရဘုရား ၏အမျက်တော်ကြောင့် သူတို့၏ပြည်သည် သဲကန္တာရအဖြစ်သို့ပြောင်းလဲသွားလေ ပြီ။
Jeremiah 51:9`ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
Joel 1:11အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။