ယေရမိအနာဂတ္တိကျမ်း 50:20
ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Numbers 23:21ဣသရေလအမျိုးသားတို့သည်နောင်အခါ ဘေးဒုက္ခရောက်မည်ကိုငါမမြင်။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ်ကြောင်း ကို ကြေညာကြ၏။
Psalms 103:12အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
Isaiah 10:21ဣသရေလပြည်သူအချို့တို့သည်လည်း မိမိတို့၏တန်ခိုးတော်ရှင်ဘုရားသခင် ၏အထံတော်သို့ပြန်လာကြလိမ့်မည်။-
Isaiah 33:24ငါတို့ပြည်တွင်နေထိုင်ကြသူအပေါင်းတို့ သည်ဖျားနာပါသည်ဟူ၍ အဘယ်အခါ၌ မျှညည်းညူရကြလိမ့်မည်မဟုတ်။ အပြစ် ရှိသမျှမှလည်းဖြေလွှတ်ကြလိမ့်မည်။
Isaiah 44:22ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''
Jeremiah 33:8ပြည်သူတို့ငါ့အားပြစ်မှားခဲ့ကြသည့်အပြစ် များကိုဆေးကြောစင်ကြယ်စေမည်။ သူတို့ ၏အပြစ်များနှင့်ပုန်ကန်မှုတို့ကိုငါခွင့် လွှတ်မည်။-