ယေရမိအနာဂတ္တိကျမ်း 50:4
ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Ezra 3:12ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။-
Psalms 126:4အို ထာဝရဘုရား၊ မိုးရေသည်ခြောက်သွေ့သည့်ချောင်းများကို ရေဖြင့်တစ်ဖန်ပြည့်စေသကဲ့သို့ ကျွန်တော်မျိုးတို့ကိုတစ်ဖန်ကြီးပွားတိုးတက် စေတော်မူပါ။
Isaiah 14:1ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
Isaiah 55:6ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
Jeremiah 3:16ထိုနောက်သင်တို့သည်ပြည်တော်တွင်လူဦးရေ တိုးပွားများပြားသောအခါ လူတို့သည်ငါ ၏ပဋိညာဉ်သေတ္တာတော်အကြောင်းကို စဉ်းစား ပြောဆိုသတိရကြတော့မည်မဟုတ်။ ထို သေတ္တာတော်ကိုလိုအပ်ကြတော့မည်မဟုတ်။ အခြားသေတ္တာတော်ကိုလည်းပြုလုပ်ကြ လိမ့်မည်မဟုတ်။-
Jeremiah 29:12ထိုအခါသင်တို့သည်ငါ့အားဟစ်ခေါ်ကြ လိမ့်မည်။ ငါ့ထံသို့လာ၍ဆုတောင်းပတ္ထနာ ပြုကြလိမ့်မည်။ ငါသည်လည်းသင်တို့၏ပန် ကြားချက်ကိုနားညောင်းမည်။-