ယေရမိအနာဂတ္တိကျမ်း 50:45
သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Isaiah 14:24အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။-
Jeremiah 37:10အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
Jeremiah 51:10``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။
Ephesians 1:11ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-