The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 51 › ယေရမိအနာဂတ္တိကျမ်း 51:13

ယေရမိအနာဂတ္တိကျမ်း 51:13

ဗာ​ဗု​လုန်​မြို့​သည်​မြစ်​များ​နှင့်​ပစ္စည်း​ဘဏ္ဍာ ပေါ​များ​ကြွယ်​ဝ​သော​မြို့​ဖြစ်​သော်​လည်း ပျက် စီး​ရန်​အ​ချိန်​စေ့​ပြီ​ဖြစ်​သ​ဖြင့်​ယင်း​၏​အ​သက် သွေး​ကြော​ပြတ်​၍​သွား​တော့​၏။-

Common Language Bible

In The King James Version

O thou that dwellest upon many waters, abundant in treasures, thine end is come, and the measure of thy covetousness.

In Context

12ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို​တိုက်​ခိုက်​ရန်​အ​ချက် ပေး​ကြ​လော့။ သင်​တို့​၏​အ​စောင့်​တပ်​ကို​အား ဖြည့်​ကြ​လော့။ ကင်း​လု​လင်​တို့​ကို​နေ​ရာ​ယူ စေ​ကြ​လော့။ ခြုံ​ခို​တိုက်​ခိုက်​မည့်​တပ်​သား တို့​ကို​ချ​ထား​ကြ​လော့'' ဟု​အ​မိန့်​ပေး ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကြံ​စည်​ထား​တော် မူ​သည်​အ​တိုင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​အား မိ​မိ​ကြိမ်း​မောင်း​ထား​သည်​နှင့်​အ​ညီ​ပြု တော်​မူ​လေ​ပြီ။-

14အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​တွက် ကျိုင်း​ကောင်​များ သ​ဖွယ်၊ မြောက်​မြား​စွာ​သော​လူ​တို့​ကို​ခေါ်​ဆောင် လာ​မည်​ဟု မိ​မိ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန် ဆို​တော်​မူ​လေ​ပြီ။ ထို​သူ​တို့​သည်​လည်း​အောင် ပွဲ​ရ​၍​ကြွေး​ကြော်​ကြ​လိမ့်​မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 51

Cross References

Genesis 6:13ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​နော​ဧ​အား``ငါ သည်​လူ​သတ္တ​ဝါ​အား​လုံး​ကို​သုတ်​သင်​ရန်​ဆုံး ဖြတ်​ပြီး​ပြီ။ ကမ္ဘာ​မြေ​ကြီး​သည်​သူ​တို့​၏​ပြစ် မှု​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​ကို အ​ကုန်​အ​စင်​သေ​ကြေ​ပျက်​စီး​စေ​မည်။-

Isaiah 45:3မှောင်​မိုက်​သည့်​ဘဏ္ဍာ​တိုက်​များ​နှင့်​လျှို့​ဝှက် သည့် အ​ရပ်​တွင် သိမ်း​ဆည်း​ထား​သည့်​ပစ္စည်း​ဥစ္စာ​ရ​တ​နာ များ​ကို သင့်​အား​ငါ​ပေး​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် သင့်​ကို​ရွေး​ချယ်​၍​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​သင်​သိ​ရှိ​ရ​လိမ့်​မည်။

Jeremiah 50:27စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။

Jeremiah 50:37သူ​တို့​၏​မြင်း​များ၊စစ်​ရ​ထား​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ငှား​ရမ်း​ထား​သည့်​စစ်​သည်​တပ်​သား​တို့ သည် သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​အား​အင်​ချည့်​နဲ့​လျက် နေ​ကြ​၏။ ဗာ​ဗု​လုန်​မြို့​၏​ပစ္စည်း​ဘဏ္ဍာ​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ယင်း​တို့​ကို​တိုက်​ခိုက်​လု​ယက်​ကြ​လော့။

Lamentations 4:18ရန်​သူ​များ​သည်​ငါ​တို့​အား​စောင့်​၍ ကြည့်​နေ​ကြ​သ​ဖြင့်​ငါ​တို့​သည် လမ်း​များ​ပေါ်​၌​ပင်​လျှင်​မ​သွား​မ​လာ​ရဲ ကြ​ပါ။ ငါ​တို့​၏​နေ့​ရက်​ကာ​လ​ကုန်​ဆုံး​ခဲ့​ပြီ။ နောက်​ဆုံး​အ​ချိန်​ရောက်​ခဲ့​ပြီ။

Daniel 5:26ရေ​တွက်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​နိုင်​ငံ​သက်​တမ်း​ကို​ဘု​ရား​သ​ခင် ရေ​တွက်​၍ ဆုံး​ခန်း​တိုင်​ရောက်​စေ​တော်​မူ ပြီ​ဟူ​၍​ဖြစ်​ပါ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 51:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 51:12ယေရမိအနာဂတ္တိကျမ်း 51ယေရမိအနာဂတ္တိကျမ်း 51:14 →