The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 51 › ယေရမိအနာဂတ္တိကျမ်း 51:2

ယေရမိအနာဂတ္တိကျမ်း 51:2

ဖွဲ​များ​ကို​လွင့်​စဉ်​အောင်​တိုက်​ခတ်​သည့်​လေ ကဲ့​သို့ ဗာ​ဗု​လုန်​မြို့​ကို​ဖျက်​ဆီး​ရန်​လူ​မျိုး ခြား​တို့​ကို​ငါ​စေ​လွှတ်​မည်။ ယင်း​သို့​ဆုံး​ပါး ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ သော​အ​ခါ သူ​တို့​သည်​အ​ဘက်​ဘက်​မှ​နေ​၍ တိုက်​ခိုက်​ကာ​ထို​မြို့​ကို​အ​ကုန်​အ​စင်​ပယ် ရှင်း​လိမ့်​မည်။-

Common Language Bible

In The King James Version

And will send unto Babylon fanners, that shall fan her, and shall empty her land: for in the day of trouble they shall be against her round about.

In Context

1ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဗာ​ဗု​လုန်​မြို့​နှင့် မြို့​သူ​မြို့​သား​တို့​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန် လေ​ပြင်း​ထ​စေ​မည်။-

3ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​များ​အား​မိ​မိ တို့​မြား​များ​ကို​ပစ်​လွှတ်​ခွင့်​ကို​သော်​လည်း ကောင်း၊ သံ​ချပ်​အင်္ကျီ​များ​ဝတ်​ဆင်​ခွင့်​ကို သော်​လည်း​ကောင်း​မ​ပေး​ကြ​နှင့်။ သူ​တို့​၏ လူ​ငယ်​လူ​ရွယ်​တို့​အား​ချမ်း​သာ​မ​ပေး ကြ​နှင့်။ တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချေ​မှုန်း ပစ်​ကြ​လော့။-

Read all of ယေရမိအနာဂတ္တိကျမ်း 51

Cross References

Isaiah 41:16ယင်း​တို့​ကို​သင်​တို့​သည်​လှေ့​ကြ​လျက် လေ​များ​က​တိုက်​ခတ်​ဆောင်​ယူ​ပြီး​လျှင် မုန်​တိုင်း​များ​က​လွင့်​စင်​သွား​စေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ရ​ကား၊ သင်​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​လိမ့် မည်။ သင်​တို့​သည်​လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင် တည်း ဟူ​သော​ငါ့​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

Jeremiah 15:7``လေ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့​သင်​တို့ အား ဤ​ပြည်​ရှိ​အ​မြို့​မြို့​တို့​၌​ကွဲ​လွင့်​သွား​စေ​လေ​ပြီ။ ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​မိ​မိ​တို့​၏ ဆိုး​ညစ်​သည့် လမ်း​စဉ်​ကို​မ​စွန့်​ကြ​သ​ဖြင့်၊ သင်​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ငါ​သုတ်​သင်​ပယ်​ရှင်း​ခဲ့​လေ​ပြီ။

Jeremiah 50:29``ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​လေး​သ​မား တို့​အား​ပြော​ကြား​ကြ​လော့။ လေး​နှင့်​မြား ကို​အ​သုံး​ပြု​တတ်​သူ​မှန်​သ​မျှ​ကို​စေ​လွှတ် ကြ​လော့။ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ အ​ဘယ် သူ​မျှ​ထွက်​မ​ပြေး​စေ​နှင့်။ ထို​မြို့​သား​တို့​အား လက်​စား​ချေ​ကြ​လော့။ သူ​တို့​သည် သူ​တစ်​ပါး တို့​အား​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း​သူ​တို့ အား​ပြု​ကျင့်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ဖြစ်​သူ​ငါ့​ကို​မာ​န​ထောင်​လွှား​စွာ​ဆန့် ကျင်​ခဲ့​ကြ​ပြီ။-

Jeremiah 51:27``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-

Matthew 3:12လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 51:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 51:1ယေရမိအနာဂတ္တိကျမ်း 51ယေရမိအနာဂတ္တိကျမ်း 51:3 →