The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 51 › ယေရမိအနာဂတ္တိကျမ်း 51:22

ယေရမိအနာဂတ္တိကျမ်း 51:22

အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။

Common Language Bible

In The King James Version

With thee also will I break in pieces man and woman; and with thee will I break in pieces old and young; and with thee will I break in pieces the young man and the maid;

In Context

21မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။

23သိုး​ထိန်း​များ​နှင့်​သိုး​အုပ်​များ​ကို​သတ်​ဖြတ်​၍၊ လယ်​သ​မား​များ​နှင့်​သူ​တို့​၏​ထွန်​နွား​များ ကို​လည်း​ကောင်း၊ မင်း​များ​နှင့်​မှူး​မတ်​များ​ကို​လည်း​ကောင်း ချေ​မှုန်း​ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 51

Cross References

Deuteronomy 32:25စစ်​ဘေး​ကြောင့်​လူ​တို့​သည်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ကြ​လိမ့်​မည်။ နေ​အိမ်​များ​တွင်​ကြောက်​မက်​ဖွယ်​ရာ​ဘေး​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ ယောကျာ်း​ပျို​နှင့်​မိန်း​မ​ပျို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ နို့​စို့​က​လေး​နှင့်​အ​ဖိုး​အို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။

2 Chronicles 36:17ထာ​ဝရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ခေါ် ဆောင်​တော်​မူ​ခဲ့​၏။ ထို​ဘု​ရင်​သည်​လည်း​ယု​ဒ လူ​ငယ်​လူ​ရွယ်​များ​ကို​ဗိ​မာန်​တော်​ထဲ​၌​ပင် သတ်​ဖြတ်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​အ​သက် ကြီး​သူ၊ ငယ်​သူ၊ ယောကျာ်း​မိန်း​မ၊ ဖျား​နာ​သူ၊ ကျန်း​မာ​သူ​တို့​ကို​မ​သ​နား​ဘဲ​ရှိ​ရှိ​သ​မျှ သော​သူ​တို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​သို့ အပ်​တော်​မူ​၏။-

Isaiah 13:18မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။-

Jeremiah 6:11အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-

Lamentations 2:21လူ​ကြီး​လူ​ငယ်​တို့​သည်​လမ်း​များ​ပေါ်​တွင် လဲ​၍​သေ​ရ​ကြ​ပါ​၏။ ပျို​ရွယ်​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး​များ​သည် ရန်​သူ​၏​ဋ္ဌား​ဘေး​သင့်​၍​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​မျက်​ထွက်​တော်​မူ​သော​နေ့​၌ သ​နား​ညှာ​တာ​ခြင်း​မ​ရှိ​ဘဲ သူ​တို့​ကို​ကွပ်​မျက်​တော်​မူ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 51:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 51:21ယေရမိအနာဂတ္တိကျမ်း 51ယေရမိအနာဂတ္တိကျမ်း 51:23 →