ယေရမိအနာဂတ္တိကျမ်း 51:39
သူတို့သည်အစားကြူးသူများပေလော။ ငါ သည်သူတို့အားစားပွဲကြီးတစ်ခုတည်ခင်း ကျွေးမွေးကာမူးယစ်ပျော်ရွင်စေမည်။ သူတို့ သည်အိပ်ပျော်၍သွားပြီးလျှင်နောင်အဘယ် အခါ၌မျှနိုးထကြတော့မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Psalms 13:3ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။ ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။ ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။
Isaiah 21:4ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
Jeremiah 25:27ထိုနောက်ထာဝရဘုရားက ငါ့အား``ဣသရေလ အမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ထိုသူတို့အားမူး ယစ်အော့အန်သည့်တိုင်အောင်၊ သူတို့ထံသို့ငါ စေလွှတ်သည့်စစ်မက်အန္တရာယ်ကြောင့်ပြိုလဲ၍ မထနိုင်သည့်တိုင်အောင်အမျက်တော်ရည် ကိုသောက်ကြရန်မိန့်တော်မူကြောင်းဆင့် ဆိုလော့။-
Jeremiah 51:57ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။
Daniel 5:30ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
Nahum 3:11အို နိနေဝေမြို့၊ သင်သည်မူးယစ်ထုံထိုင်း လျက်ရန်သူများ၏လက်မှလွတ်မြောက် ရန်ကြိုးစားလိမ့်မည်။-