ယေရမိအနာဂတ္တိကျမ်း 51:59
မာသေယ၏မြေး၊ နေရိ၏သားစရာယသည် ဇေဒကိမင်း၏အပါးတော်မြဲဖြစ်၏။ ယုဒ ဘုရင်ဇေဒကိနန်းစံစတုတ္ထနှစ်၌စရာယ သည်ဗာဗုလုန်မြို့သို့ရှင်ဘုရင်နှင့်အတူ သွားမည်ဖြစ်သဖြင့် ငါသည်သူ့အားအနည်း ငယ်ညွှန်ကြားလိုက်လေသည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Jeremiah 28:1ထိုနှစ်တည်းဟူသောဇေဒကိမင်းနန်းစံ စတုတ္ထနှစ်ပဉ္စမလ၌အာဇုရ၏သား ဂိဘောင်မြို့နေပရောဖက်ဟာနနိသည် ယေရမိအားဗိမာန်တော်ထဲတွင်ယဇ်ပုရော ဟိတ်များနှင့်ပြည်သူတို့၏ရှေ့၌၊-
Jeremiah 36:4သို့ဖြစ်၍ငါသည်နေရိ၏သားဗာရုတ်ကို ခေါ်ပြီးလျှင် မိမိအားထာဝရဘုရားမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် ရန်နှုတ်တိုက်ချပေးလေသည်။ ဗာရုတ်သည် လည်းစာလိပ်တစ်ခုတွင်ရေးမှတ်၍ထား၏။-
Jeremiah 52:1ဇေဒကိသည်နန်းတက်စဉ်အခါကအသက် နှစ်ဆယ့်တစ်နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ် ဆယ့်တစ်နှစ်မျှနန်းစံရလေသည်။ သူ့မယ် တော်မှာလိဗနမြို့သားယေရမိ၏သမီး ဟာမုတလဖြစ်၏။-