ယေရမိအနာဂတ္တိကျမ်း 52:24
ထိုမှတစ်ပါးလည်းမင်းကြီး၏အစောင့်တပ် မတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ၊ သူ၏လက်ထောက်ဇေဖနိနှင့် အခြားအရေးကြီးသည့် ဗိမာန်တော်အရာ ရှိသုံးဦးတို့ကိုခေါ်ဆောင်၍သွား၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 52
Cross References
1 Chronicles 6:14စရာယ၊ ယောဇဒက်ဟူ၍လည်းကောင်းဖြစ် သတည်း။
Ezra 7:1နှစ်ပေါင်းများစွာကြာသောအခါ ပေရသိ ဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ ဧဇရနာမည်ရှိသူလူတစ်ယောက်ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်မင်းအာရုန်မှဆင်းသက် လာကြောင်း အောက်ပါအတိုင်းသိနိုင်ပေသည်။ ဧဇရ၏အဖသည်စရာယ၊ စရာယ၏ အဖမှာအာဇရိ၊ အာဇရိ၏အဖကား ဟိလခိဖြစ်၏။-
Jeremiah 20:4အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။-
Jeremiah 35:4ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။-
Jeremiah 52:12ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။-