ယေရမိအနာဂတ္တိကျမ်း 52:6
ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
Common Language Bible
In The King James Version
In Context
5ထိုမြို့သည်ဇေဒကိနန်းစံဆယ့်တစ်နှစ် မြောက်တိုင်အောင်အဝိုင်းခံရလေသည်။-
Read all of ယေရမိအနာဂတ္တိကျမ်း 52
Cross References
Deuteronomy 28:52သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။
2 Kings 25:3ထိုနှစ်စတုတ္ထလကိုးရက်နေ့၌အစာရေစာ လွန်စွာခေါင်းပါးမှုကြောင့် မြို့သူမြို့သားတို့ တွင်စားစရာအလျှင်းမရှိကြတော့ပေ။-
Jeremiah 15:2သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
Jeremiah 21:9ဤမြို့တွင်ရှိနေသူမှန်သမျှသည်စစ်ပွဲ တွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သော်လည်းကောင်း၊ အနာရောဂါဘေးဖြင့် သော်လည်းကောင်းသေရကြလိမ့်မည်။ သို့ ရာတွင်မြို့ပြင်သို့ထွက်၍ယခုဝိုင်းရံတိုက် ခိုက်လျက်နေသောဗာဗုလုန်ပြည်သားတို့ အား လက်နက်ချသူတို့မူကားသေရကြ လိမ့်မည်မဟုတ်။ ယုတ်စွအဆုံးအသက် ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
Jeremiah 37:21ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။
Jeremiah 39:2ဇေဒကိနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ စတုတ္ထ လ၊ နဝမရက်နေ့၌မြို့ရိုးများပြိုကျ၍ သွားလေ၏။