ယေရမိအနာဂတ္တိကျမ်း 52:8
သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့ သည်ဇေဒကိမင်းကိုလိုက်လံဖမ်းဆီးကြ ရာ ယေရိခေါမြို့အနီးရှိလွင်ပြင်တွင်မိ လေသည်။ ဇေဒကိ၏စစ်သူရဲအပေါင်းတို့ သည်သူ့အားစွန့်ပစ်၍ထွက်ပြေးကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 52
Cross References
Jeremiah 21:7စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Jeremiah 34:21ယုဒဘုရင်ဇေဒကိနှင့်မှူးမတ်များအား သူ တို့ကိုသတ်ဖြတ်လိုသည့်ရန်သူများ၏လက် သို့ငါပေးအပ်မည်။ ငါသည်သူတို့အားယခု အတိုက်အခိုက်ရပ်စဲလိုက်သည့် ဗာဗုလုန် ဘုရင်၏တပ်မတော်လက်သို့ပေးအပ်မည်။-
Jeremiah 38:23ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
Lamentations 4:19သူတို့သည်မိုးကောင်းကင်မှထိုးဆင်းလာသည့် လင်းယုန်ငှက်များကဲ့သို့ငါတို့ကိုလိုက်လံ ဖမ်းဆီးကြပါ၏။ တောင်ကုန်းများတွင်ငါတို့ကိုလိုက်၍ရှာဖွေ ကြပါ၏။ သဲကန္တာရတွင်အမှတ်မထင်ဖမ်းဆီးကြပါ၏။
Ezekiel 17:20ပိုက်ကွန်နှင့်သူ့ကိုငါအုပ်မည်။ ကျော့ကွင်းကို ထောင်၍သူ့အားငါဖမ်းမည်။ ဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားပြီးလျှင်ထိုမြို့တွင်သူ့အား ဒဏ်ခတ်မည်။ အဘယ်ကြောင့်ဆိုသော်သူ သည်ငါ့ကိုသစ္စာဖောက်သောကြောင့်ဖြစ်၏။-
Amos 9:1ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-