The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 6 › ယေရမိအနာဂတ္တိကျမ်း 6:7

ယေရမိအနာဂတ္တိကျမ်း 6:7

စမ်း​ရေ​တွင်း​မှ​ရေ​သည်​အ​စဉ်​စီး​ထွက်​လျက် ရှိ​သ​ကဲ့​သို့​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ကောင်း​မှု များ​သည်​အ​စဉ်​ယို​စီး​လျက်​နေ​၏။ မြို့​ထဲ ၌​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့ ကို​ငါ​ကြား​ရ​၍​ဖျား​နာ​မှု​နှင့်​ဒဏ်​ရာ ဒဏ်​ချက်​များ​ကို​ငါ​မြင်​ရ​၏။-

Common Language Bible

In The King James Version

As a fountain casteth out her waters, so she casteth out her wickedness: violence and spoil is heard in her; before me continually is grief and wounds.

In Context

6အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ ဘု​ရင်​တို့​အား​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​နိုင်​ရန်​သစ်​ပင်​များ​ကို​ခုတ်​လှဲ​၍ မြေ က​တုတ်​များ​ကို​ဖို့​စေ​ခြင်း​ငှာ​အ​မိန့်​ပေး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​က``ဤ​မြို့​သည် ညှင်း​ပန်း​နှိပ်​စက်​မှု​နှင့်​ပြည့်​နှက်​လျက်​ရှိ သ​ဖြင့်​ငါ​သည်​ဤ​မြို့​ကို​ဒဏ်​ခတ်​မည်။-

8အို ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​ဤ အ​မှု​အ​ရာ​များ​မှ​သင်​ခန်း​စာ​ယူ​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ငါ​သည်​သင်​တို့​အား​အ​စဉ် စွန့်​ပစ်​မည်။ သင်​တို့​မြို့​ကို​လူ​သူ​ကင်း​မဲ့​ရာ သွေ့​ခြောက်​သော​ဒေ​သ​အ​ဖြစ်​သို့​ငါ​ပြောင်း လဲ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 6

Cross References

Psalms 55:9အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ပြော​ဆို​သည့် စ​ကား​များ​ကို​ရှုပ်​ထွေး​စေ​တော်​မူ​ပါ။ မြို့​တွင်း​၌​အ​ကြမ်း​ဖက်​မှု​နှင့်​လု​ယက်​မှု​တို့​ကို ကျွန်​တော်​မျိုး​မြင်​ပါ​၏။

Isaiah 1:6ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။

Isaiah 59:6ယင်း​တို့​သည်​ပင့်​ကူ​မြှေး​ဖြင့်​ယက်​လုပ်​သော အ​ထည်​ကဲ့​သို့ အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​ကြ ၏။ မိ​မိ​တို့​ယက်​လုပ်​သော​အ​ရာ​သည် လုံ​ခြုံ မှု​ကို​မ​ပေး​နိုင်၊ ဆိုး​ညစ်​၍​အ​ကြမ်း​ဖက် သော​အ​မှု​တို့​ပြု​လုပ်​ကြ​၏။-

Jeremiah 20:8ကျွန်​တော်​မျိုး​သည်​ဟော​ပြော​သည့်​အ​ခါ​တိုင်း အော်​ဟစ်​၍``အ​ကြမ်း​ဖက်​မှု၊ပျက်​စီး​မှု'' ဟူ​၍ ကြွေး​ကြော်​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို၊ပြန်​ကြား​သ​ဖြင့် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း၊ သ​ရော်​စော်​ကား​ပြု​ခြင်း​ကို​လည်း​ကောင်း အ​စဉ်​မ​ပြတ်​ခံ​ရ​ပါ​၏။

Jeremiah 30:15သင်​တို့​သည်​မိ​မိ​တို့​၏​မ​ပျောက်​ကင်း​နိုင်​သည့် ဝေ​ဒ​နာ​များ​အ​ကြောင်း​ကို​မ​ညည်း​ညူ​ကြ နှင့်​တော့။ သင်​တို့​၏​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည်​ကြီး​မား​လှ​သ​ဖြင့်၊ ငါ​သည်​သင်​တို့​အား​ဤ​သို့​အ​ပြစ်​ဒဏ် ခတ်​ရ​ခြင်း​ဖြစ်​၏။

Ezekiel 7:23``ပြည်​တွင်း​၌​လူ​သတ်​မှု​များ​ဖြင့်​လည်း ကောင်း၊ မြို့​များ​၌​အ​ကြမ်း​ဖက်​မှု​များ​ဖြင့် လည်း​ကောင်း​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် နေ​ရာ တ​ကာ​တွင်​ဗ​ရုတ်​သုတ်​ခ​ဖြစ်​၍​နေ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 6:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 6:6ယေရမိအနာဂတ္တိကျမ်း 6ယေရမိအနာဂတ္တိကျမ်း 6:8 →