ယေရမိအနာဂတ္တိကျမ်း 7:14
သို့ဖြစ်၍သင်တို့ယုံကြည်အားထားသည့် ဤငါ၏ဗိမာန်၊ ငါ၏နာမကိုဆောင်သော ဤအိမ်တော်ကိုရှိလောရွာနည်းတူငါပြု မည်။ သင်တို့ဘိုးဘေးများနှင့်သင်တို့အား ငါပေးခဲ့သည့်ဤအရပ်ဌာနကိုရှိလော ရွာနည်းတူငါပြုမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 7
Cross References
Deuteronomy 12:5ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
1 Samuel 4:10ဖိလိတ္တိအမျိုးသားတို့သည် အပြင်းအထန် တိုက်ခိုက်သဖြင့် ဣသရေလအမျိုးသားတို့ သည် အရေးရှုံးနိမ့်၍မိမိတို့နေရပ်သို့ထွက် ပြေးကြကုန်၏။ ထိုတိုက်ပွဲသည်လူသတ်ပွဲ ဖြစ်လျက် ဣသရေလတပ်သားပေါင်းသုံး သောင်းမျှကျဆုံးသတည်း။-
2 Kings 25:9ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
2 Chronicles 36:18ဗာဗုလုန်ဘုရင်သည်ဗိမာန်တော်ရှိအသုံး အဆောင်၊ ဗိမာန်တော်ဘဏ္ဍာ၊ မင်းကြီးနှင့်မှူး မတ်တို့၏ဘဏ္ဍာရှိသမျှကိုသိမ်းသွားလေ သည်။-
Psalms 78:60ငါတို့တွင်ကိန်းဝပ်တော်မူရာရှိလောမြို့ရှိ တဲတော်ကို ကိုယ်တော်သည်စွန့်ပစ်တော်မူ၏။
Jeremiah 7:4`ဤဗိမာန်သည် ထာဝရဘုရား၏ဗိမာန်တော် ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏' ဟု ပြောဆိုသူတို့၏မုသားစကားကိုမယုံ ကြနှင့်။