ယေရမိအနာဂတ္တိကျမ်း 7:18
ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 7
Cross References
Deuteronomy 32:16သူတို့သည်ရုပ်တုဘုရားများကိုကိုးကွယ်သည့် အပြစ်ဒုစရိုက်ကြောင့် ပြိုင်ဘက်ကင်းသည့်ထာဝရဘုရားအား အမျက်တော်ထွက်စေကြ၏။
Deuteronomy 32:37ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား `သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
Psalms 16:4အခြားဘုရားများအားဆည်းကပ်ကိုးကွယ် ကြသော သူတို့သည်များစွာဆင်းရဲဒုက္ခရောက်ကြရ လိမ့်မည်။ ငါသည်သူတို့၏ယဇ်ပူဇော်မှုများတွင် ပါဝင်လိမ့်မည်မဟုတ်။ သူတို့၏ဘုရားများကိုလည်းကိုးကွယ် ဆည်းကပ် လိမ့်မည်မဟုတ်။
Isaiah 57:6ထိုအရပ်မှချောမွတ်သည့်ကျောက်ခဲများကို ယူ၍ သင်တို့၏ဘုရားများအဖြစ်ကိုးကွယ် ကြ၏။ သင်တို့သည်စပျစ်ရည်ကိုသွန်းလောင်း၍ ထိုဘုရားတို့ကိုပူဇော်ကြ၏။ ဘောဇဉ်သကာကို ဆက်သကြ၏။ ဤသို့သင်တို့ပြုသည်ကိုငါ နှစ်သက်တော်မူသည်ဟု သင်တို့ထင်မှတ်ကြ ပါသလော။-
Isaiah 65:11``သို့ရာတွင်ငါ့ကိုစွန့်ပစ်သူငါ၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင်ကိုဂရုမစိုက်ဘဲ ကံကြမ္မာဘုရား၊ ဂါဒနှင့်မေနိတို့ကိုဝတ် ပြုကိုးကွယ်သူသင်တို့အဖို့မှာမူကား၊-