ယေရမိအနာဂတ္တိကျမ်း 7:29
``ယေရုရှလင်မြို့သားတို့၊ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ဆံပင်ကိုဖြတ်၍ပစ်ထုတ်လိုက် ကြလော့။ ငါထာဝရဘုရားသည်မိမိအမျက်တော် ရှသည့် လူမျိုးတော်အားပစ်ပယ်စွန့်လွှတ်လိုက်ပြီ ဖြစ်၍ သင်တို့သည်တောင်ထိပ်များပေါ်တွင်အသုဘ သီချင်းကိုဆိုကြလော့။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 7
Cross References
Deuteronomy 32:5သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊ လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။
Job 1:20ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
Jeremiah 6:30ငါထာဝရဘုရားသည်သူတို့အားပစ်ပယ် လိုက်လေပြီ။ ထို့ကြောင့်သူတို့ကိုအပယ်ခံ ငွေချော်မြှုပ်ဟူ၍ခေါ်ရမည်'' ဟုမိန့်တော် မူ၏။
Jeremiah 9:17အနန္တတန်ခိုးရှင်ထာဝရဘုရားက ``စဉ်းစားဆင်ခြင်ကြလော့။ ငိုချင်းသည်များ၊မသာသီချင်းကိုကျွမ်း ကျင်စွာ သီဆိုတတ်သူ အမျိုးသမီးများအားခေါ်ယူကြလော့'' ဟုမိန့်တော်မူ၏။
Jeremiah 16:6ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
Jeremiah 48:37လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။-