ယေရမိအနာဂတ္တိကျမ်း 7:6
တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 7
Cross References
Exodus 22:21``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
Deuteronomy 6:14အခြားဘုရားများကိုမဆည်းကပ်နှင့်။ သင် တို့ပတ်ဝန်းကျင်တွင်နေထိုင်သောလူမျိုး တို့၏ဘုရားများကိုမကိုးကွယ်နှင့်။-
Deuteronomy 11:28သို့ရာတွင်သင်တို့သည် ဤပညတ်တော်များ ကိုမစောင့်ထိန်းဘဲ သင်တို့ယခင်ကမကိုး ကွယ်ဘူးသောအခြားဘုရားများကို ကိုး ကွယ်လျှင်ကျိန်ခြင်းကိုခံရမည်။-
Deuteronomy 27:19`` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
Psalms 82:3ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။ ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။