ယေရမိအနာဂတ္တိကျမ်း 9:7
ဤအကြောင်းကြောင့်အနန္တတန်ခိုးရှင် ထာဝရဘုရားက ``ငါသည်သတ္တုကိုအရည်ကျို၍ချွတ်သကဲ့သို့၊ ငါ့လူမျိုးတော်ကိုသန့်စင်အောင်ပြုမည်။ သူတို့အားငါဆန်းစစ်၍ကြည့်မည်။ ငါ၏လူမျိုးတော်သည်အပြစ်ဒုစရိုက်ကို ကူးလွန်ကြလေပြီ။ ငါသည်သူတို့အားအဘယ်သို့ပြုရမည်နည်း။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 9
Cross References
2 Chronicles 36:15သူတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်နှင့်ဗိမာန်တော် ကိုချမ်းသာပေးတော်မူလိုသဖြင့် သူတို့အား သတိပေးရန်စေတမန်များကိုဆက်လက် စေလွှတ်တော်မူခဲ့၏။-
Psalms 62:5ငါသည်ဘုရားသခင်ကိုသာလျှင်မှီခိုပါ၏။ ကိုယ်တော်အားမျှော်ကိုးပါ၏။
Isaiah 1:25ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
Isaiah 59:3သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
Jeremiah 6:27အချင်းယေရမိ၊ ငါ့လူမျိုးတော်ကိုသတ္တု အားဆန်းစစ်သကဲ့သို့သူတို့၏အကျင့် အကြံများကိုသိစေရန်ဆန်းစစ်၍ကြည့် လော့။-
Jeremiah 31:20``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။