Job 13:14
သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။
Common Language Bible
In The King James Version
Wherefore do I take my flesh in my teeth, and put my life in mine hand?
In Context
13တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
15ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
Cross References
Judges 12:3ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။-
1 Samuel 28:21နတ်ဝင်သည်မသည်သူ့အားသွား၍ကြည့် ရာထိတ်လန့်လျက်နေသည်ကိုတွေ့သဖြင့် ``အရှင်၊ ကျွန်မသည်မိမိအသက်ကိုစွန့်၍ အရှင်ခိုင်းစေရာကိုပြုခဲ့ပါ၏။-
Psalms 119:109ကွန်တော်မျိုးသည်နေ့စဉ်နှင့်အမှ အသက်အန္တရာယ်နှင့်တေ"ကြုံနေရပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်၏တရားတော်ကို မမေ့မလော့ပါ။
Isaiah 9:20နေရာတကာတွင်လူတို့သည်မိမိတို့ရနိုင် သမျှသောအစားအစာများကိုစားကြ သော်လည်း အာသာမပြေဘဲရှိလိမ့်မည်။ သူ တို့သည်မိမိတို့၏သားသမီးများကိုပင် ပြန်၍စားကြပါသည်တကား၊-