Job 14:4
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
Common Language Bible
In The King James Version
Who can bring a clean thing out of an unclean? not one.
In Context
3ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။
Cross References
Genesis 5:3အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။-
Job 25:4သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
Psalms 51:7ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
Luke 1:35ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
Romans 5:12အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။-
Ephesians 2:3အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။