Job 15:21
သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
Common Language Bible
In The King James Version
A dreadful sound is in his ears: in prosperity the destroyer shall come upon him.
In Context
20ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
22မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
Cross References
Leviticus 26:36``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
2 Kings 7:6ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
Job 1:13တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
Job 20:5ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
Job 27:20ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
Psalms 92:7ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍ မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။