Job 22:24
ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။
Common Language Bible
In The King James Version
Then shalt thou lay up gold as dust, and the gold of Ophir as the stones of the brooks.
In Context
25ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
Cross References
1 Kings 9:28သူတို့သည်သြဖိရမြို့သို့သင်္ဘောလွှင့်ကြ ပြီးနောက် ရွှေအချိန်တစ်ဆယ့်ခြောက်တန် နီးပါးကိုရှောလမုန်ထံသို့ယူဆောင်လာ ကြ၏။
1 Kings 22:48ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-
2 Chronicles 1:5ဂိဗောင်မြို့ရှိထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်ရှေ့၌ ဟုရသားချင်းစုမှဥရိ ၏သားဗေဇလေလဆောက်လုပ်ခဲ့သည့်ကြေး ဝါယဇ်ပလ္လင်လည်းရှိ၏။ ထိုအရပ်တွင်ရှောလမုန် နှင့်ပြည်သူအပေါင်းတို့သည်ဘုရားသခင် အားဝတ်ပြုကိုးကွယ်ကြလေသည်။-
2 Chronicles 9:27သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
Psalms 45:9အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ ရာဇပလ္လင်တော်၏လက်ယာဘက်တွင် ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။