Job 26:6
မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။
Common Language Bible
In The King James Version
Hell is naked before him, and destruction hath no covering.
In Context
5အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။
7မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။
Cross References
Job 11:8မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။
Job 31:12ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
Psalms 88:10ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။ သူတို့သည်သေရာမှထ၍ကိုယ်တော်ရှင်အား ထောမနာပြုပါသလော။
Psalms 139:11အကယ်၍ကျွန်တော်မျိုးသည်မိမိအား ဖုံးလွှမ်းရန် မှောင်မိုက်ကိုလည်းကောင်း၊ မိမိ၏ပတ်လည်ရှိအလင်းကိုညဥ့်အဖြစ်သို့ ပြောင်းလဲစေရန်လည်းကောင်းစေခိုင်းလျှင်
Isaiah 14:9``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-
Hebrews 4:13ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။