Job 31:17
မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော။
Common Language Bible
In The King James Version
Or have eaten my morsel myself alone, and the fatherless hath not eaten thereof;
In Context
16ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
Cross References
Deuteronomy 15:14ထာဝရဘုရားကောင်းချီးပေးသဖြင့် သင်တို့ ၌သိုး၊ စပါး၊ စပျစ်ရည်ကြွယ်ဝချမ်းသာသည့် အတိုင်း ယင်းပစ္စည်းမှသူ့အားရက်ရောစွာပေး ကမ်းလော့။-
Esther 2:7သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
Job 29:12အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
Ezekiel 18:16သူတစ်ပါးတို့အားနှိပ်စက်ညှင်းဆဲမှုနှင့် သူ တစ်ပါး၏ဥစ္စာကိုအနိုင်အထက်လုယူမှုတို့ ကိုလည်းမပြု။ သူသည်အပေါင်ခံပစ္စည်းများ ကိုလက်မခံ။ ငတ်မွတ်နေသူကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ်အစားများကို ပေး၏။-
John 13:29ယုဒသည်ငွေအိတ်ကိုကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက်လိုအပ်သည်များကိုဝယ်ယူ ရန်ဖြစ်စေ၊ ဆင်းရဲသူတို့အားပေးကမ်းရန် ဖြစ်စေသခင်ယေရှုမှာကြားတော်မူသည် ဟု အချို့သောတပည့်တော်တို့ကထင်မှတ် ကြ၏။
Romans 12:13ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။