Job 31:32
ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။
Common Language Bible
In The King James Version
The stranger did not lodge in the street: but I opened my doors to the traveller.
In Context
31ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။
33ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။
Cross References
Judges 19:15ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။
Job 29:16ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
Isaiah 58:7ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။
Matthew 25:40ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
Romans 12:13ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။
Hebrews 13:2ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-