Job 34:10
သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
Common Language Bible
In The King James Version
In Context
9လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။
Cross References
Genesis 18:25ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
2 Samuel 22:31ဤဘုရားသခင်ပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်လည်း ယုံကြည်ကိုးစားထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိအားကိုးစားသူအပေါင်း တို့ အတွက်ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
Job 8:3ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။
Job 34:34ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။
Job 37:23အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
Psalms 145:17ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။