Job 36:26
ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
Common Language Bible
In The King James Version
Behold, God is great, and we know him not, neither can the number of his years be searched out.
In Context
25လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။
27ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
Cross References
1 Kings 8:27``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
Job 11:7သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
Job 37:5အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
Psalms 90:2တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
Psalms 145:3ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ထောမနာပြုခြင်းကိုအလွန်ခံထိုက်တော်မူ၏။ ကြီးမြတ်တော်မူပုံကိုဆင်ခြင်တိုင်းထွာ၍ မရနိုင်။
Hebrews 1:12ကိုယ်တော်ရှင်သည်ဝတ်လုံအင်္ကျီကိုလိပ်သကဲ့သို့ ထိုအရာများကိုလိပ်တော်မူလိမ့်မည်။ ထိုအရာများသည်အဝတ်အထည်များကဲ့သို့ ပြောင်းလဲလိမ့်မည်။ သို့ရာတွင်ကိုယ်တော်မူကားပြောင်းလဲတော် မမူပါ။ အသက်တော်သည်ကုန်ဆုံးလိမ့်မည်မဟုတ်ပါ'' ဟုမိန့်တော်မူ၏။